ပုဇွန်တောင် ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ကျင်းပပြုလုပ်သော လူထုကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်းဖြင့် အားလုံးလက်လှမ်းမီ တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်အကြောင်း မြို့နယ်အဆင့် အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တီဘီရောဂါအခြေအနေအကြောင်း၊ ရောဂါကူးစက်ပျံ့ပွားပုံ၊ ရောဂါဖြစ်ပွားပုံ၊ ရောဂါလက္ခဏာများ၊ တီဘီရောဂါအမျိုးအစား အစရှိသည်တို့ကို သိရှိနိုင်ရန်ရည်ရွယ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆွေးနွေးပို့ချခဲ့ကြောင်းသိရှိရပါသည်။
နေခြည်(ပြန်/ဆက်)