သာကေတ ဒီဇင်ဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလ၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးမင်းမင်း လမ်းညွှန်မှုဖြင့် မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ ဒုတပ်ရင်းမှူး ရီဝင်း ဦးဆောင်ပြီး တပ်ခွဲမှူးများ၊ ဒုတပ်ခွဲမှူးများ၊ တပ်ခွဲ(၅)ခွဲမှ တပ်စုမှူးများနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်(၆)နာရီမှစတင်ကာ သာကေတမြို့နယ် အတွင်းရှိ ကားမှတ်တိုင်များ၊ ဈေးများသို့ သွားရောက်ကာ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့် ဝေပေးခဲ့သည်။
နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် ပတ်သက်၍ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ရီဝင်းက “ဈေးရောင်း၊ ဈေးဝယ် ပြည်သူတစ်ချို့က နှာခေါင်းစည်းမတပ်လာကြ ဘူး။ ဒါကိုကျွန်တော် တို့က နှာခေါင်းစည်း တပ်ဆင်ပြီး သွားလာကြဖို့ ရှင်းပြတယ် နှာခေါင်းစည်းတွေကိုလည်း အခမဲ့ပေးဝေ တယ် အခုလတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကင်းဝေးအောင်းလို့ တတ်နိုင်တဲ့ ဘက်ကနေ တစ်ထောင့်တစ်နေရာက ဆောင်ရွက်ရတာ ပါ” ဟု ပြောကြားခဲ့သည်။
အဆိုပါ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်း၌ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်း မှူး ရီဝင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် သာကေတမြို့နယ်အတွင်းရှိ စံပြဥယျာဉ် ဈေး၊ ခိုင်ရွှေဝါဈေး၊ အမှတ်(၇)ဈေးနှင့် အမှတ်(၁)ဈေးရှိ ဈေးရောင်းချသူများ၊ ဈေးဝယ်သူများကို ကိုဗစ်-၁၉ ရောဂါပြန့်ပွား ခြင်းမှ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် အသိသတိရှိရှိ ဖြင့် ပူးပေါင်း ကူညီဆောင်ရွက် ပေးကြရန် နှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)