မိုးညို ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာသစ် (၅)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ Stay at Home မြို့နယ်များမှ ပြန်လာသူ (၇၅)ဦး၊ ပြည်ပမှ ပြန် လာသူ(၇)ဦး၊ စုစုပေါင်း (၈၂)ဦး၏ ဓာတ်ခွဲနမူနာများအား ဆေးသုတေသနဦးစီးဌာန(DMR) သို့ ပေးပို့ စစ် ဆေးခဲ့ရာ ၎င်းတို့၏ ဓာတ်ခွဲနမူနာများအနက်မှ (၅)ဦးတွင် SARS -COV2 Detected ပိုးတွေ့ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် ပိုးတွေ့လူနာစုစုပေါင်း (၁၀၃)ဦးရှိပြီ ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား အလေးထား လိုက်နာဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ အဖွဲ့ အနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign များမကြာခဏ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြို့နယ်အတွင်းသို့ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး သိကောင်းစရာများနှင့် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်များအား လိုက်လံကြေညာပေးခြင်း စသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန် မပျက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုမင်း(မိုးညို)