အုတ်ဖို ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ များအနက် ဆေးကုသမှုခံယူနေသူ ၁၀ ဦးသာ ကျန်ရှိတော့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ယနေ့ နံနက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အုတ်ဖိုမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၄၆)ဦးရှိရာ (၁၃၆) ဦးမှာ သက်ဆိုင်ရာ ဆေးရုံများမှ ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ (၁၀)ဦး သာကျန်ရှိ ကြောင်းနှင့် ယနေ့ နံနက်ဆေးရုံဆင်းခွင့်ရသူ (၆) ဦးကို မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ Sister ဒေါ်တင်မိုးထွေးက ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာများ ပေးအပ်ပြီး မိမိတို့နေအိမ်တွင် နေထိုင်ရမည့် စည်းကမ်းချက်များကို မှာကြားသည်။ ထို့နောက် စေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို အလှူရှင်များကိုယ်စား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပရဟိတအဖွဲ့များက မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)