စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၀) ဦး ထပ်မံတွေ့ရှိ

စလင်း ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်တွင်း၊ ပြည်ပများမှ မိမိနေရပ်သို့ ပြန်လာပြီး Facility  Quarantine ဝင်ရောက်နေသူနေရပ်ပြန်များနှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာနှင့် ထိတွေ့မှုရှိ၍ အသွားအလာကန့်သတ် Facility Quarantine   ဝင်ရောက်နေသူ  (၈၅) ဦးအား မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒီဇင်ဘာလ ၁၃ ရက်နေ့က နှာခေါင်းနှင့်လည်​ချောင်းအာခေါင်တို့ပတ် (Swab) နမူနာရယူ၍ ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(NHL) သို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့ နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ (၁၀) ဦး တွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ 

အဆိုပါ ပိုးတွေ့လူနာများမှာ  ကံပြားကျေးရွာအုပ်စု ကံပြားကျေးရွာမှ အသက်  ၃၂ နှစ် အရွယ်အမျိုးသမီး တစ်ဦး၊ အသက် ၄၅ နှစ်အရွယ်အမျိုးသမီး တစ်ဦး၊ အသက်   ၄၇ နှစ် အရွယ်အမျိုးသား တစ်ဦးနှင့် အသက် ၄၁ နှစ်အရွယ် အမျိုးသား တစ်ဦး၊ သရက်တော ကျေးရွာအုပ်စု သရက်တောကျေးရွာမှ အသက် ၃၆ နှစ်အရွယ်အမျိုးသမီး တစ်ဦး၊ ပေါက်လေးပင် ကျေးရွာအုပ်စု လက်ပံဦးကျေးရွာမှ အသက် ၂၉ နှစ်အရွယ်အမျိုးသား တစ်ဦး၊ ပေါက်လေး ပင် ကျေးရွာအုပ်စု ခြောက်ပင်ကျွန်းကျေးရွာမှ အသက် ၃၁ နှစ်အရွယ်အမျိုးသား တစ်ဦး၊ သမန်းကျင်းကျေးရွာ အုပ်စု မြောက်ဒီးဒုတ်ပင်ကျေးရွာမှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ မြောက်ရှားတော ကျေးရွာ အုပ်စု သာယာကုန်းကျေးရွာမှ အသက် ၁၉ နှစ်အရွယ်အမျိုးသား တစ်ဦး တို့ဖြစ် ကြောင်း သိရသည်။

ကံပြားကျေးရွာမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ (၄) ဦးမှာ ပိုးတွေ့လူနာနှင့်ထိတွေ့မှု ရှိ၍   သက်ဆိုင်ရာကျေးရွာ  Quarantine Center ၌အသွားအလာကန့်သတ်နေထိုင်သူများ ဖြစ်​ကြောင်းနှင့် ကျန်ပိုးတွေ့လူနာ (၆) ဦးမှာ ရန်ကုန်မြို့မှပြန်ရောက်လာပြီး  စလင်းမြို့ အမှတ်(၁) အ.ထ.က ကျောင်း  Quarantine Center ၌ အသွားအလာ ကန့်သတ်နေထိုင်သူ များဖြစ်​ကြောင်းသိရပြီး ၎င်းပိုး​တွေ့လူနာ(၁၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများ ထားရှိရန် ပြင်ဆင်ထားသည့် စလင်းမြို့ မိုးလုံလေလုံအားကစားရုံ ယာယီကုသဆောင်၌ ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ယနေ့  ဒီဇင်ဘာလ ၁၆ ရက်နေ့နံနက်၁၀ နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြု လူနာ စုစုပေါင်း (၁၄၂) ဦးရှိကြောင်း၊ သတ်မှတ်ရက် ကာလ အတွင်း ဆေးကုသမှုခံယူပြီး ရောဂါ သက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၁၂)ဦး​ရှိကြောင်း သိရပြီး  စလင်းမြို့ ပြည်သူ့ဆေးရုံ သီးသန့် ကုသဆောင်၌ ကျန်းမာရေး စောင့်ရှောက်မှုခံယူ နေသူပိုးတွေ့လူနာ(၁၉)ဦး၊ ဆင်ဖြူကျွန်းမြို့ ပြည်သူ့ ဆေးရုံသီးသန့် ကုသဆောင်၌ ကျန်းမာ ရေးစောင့်ရှောက်မှုခံယူနေသူပိုးတွေ့လူနာ (၁)ဦး၊ ယခု စလင်းမြို့ မိုးလုံလေလုံအားကစားရုံ ယာယီကုသဆောင်၌ (၁၀)ဦး စုစုပေါင်း(၃၀) ဦး ဆေးကုသ စောင့်ရှောက်မှု ခံယူလျက် ရှိကြောင်း နှင့်ပိုးတွေ့လူနာများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ တင့်ဆွေဦးစီး၍  ဆင်ဖြူကျွန်းမြို့ ပြည်သူ့ ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာ ကျော်ထက်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများက အနီးကပ် ကြည့်ရှု့​စောင့်ရှောက်လျက်ရှိ ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

စိုးမိုးသူ (ပြန်/ဆက်)