မြဝတီ ဒီဇင်ဘာ ၁၆
မော်တော်ယာဉ်စီးနင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ သံတံတားရှေ့တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို မြဝတီမြို့ အမှတ်(၇၃)ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးဇော်မျိုးဝင်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်စီးနင်းရာတွင် အရည်အသွေး ကောင်းမွန်သော ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်းစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၇၆(ခ)တွင် မော်တော်ဆိုင်ကယ် မောင်းနင်းစီးနင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့ညအချိန်တိုင်းတွင်ဖွင့်ပြီး မောင်နှင်ရခြင်း၊ မော်တော်ဆိုင်ကယ် စီးနင်းသူများ လိုက်နာရမည့်အချက်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် နှစ်အလိုက်ယာဉ် တိုက်မှု နှိုင်းယှဉ်ပြ ဇယားနှင့် ယာဉ်တိုက်မှုဖြစ်ပွားလျှင် လိုက်နာရမည့်အချက်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့သည်။
ထို့သို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းအပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့်ကာလတွင် နှာခေါင်းစည်း များ တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကိုလည်း နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်