လဟယ်-လေရှီးမြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

လဟယ်  ဒီဇင်ဘာ  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ် ဒေသဖွံ့ဖြိုးရေးရန်ပုံ (၁၅ ဒသမ ၉၈၉) သန်းဖြင့် ဆောင်ရွက်လျက်ရှိသော လဟယ်-လေရှီး မြို့နယ်ချင်း ဆက်လမ်း လဟယ်မြို့နယ်ဘက်ခြမ်း ကျန်(၅၅/၂) မိုင် မှ (၃/ဝ) မိုင် (၂၃) ပေ အကျယ် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ခေတ္တနာဂဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (လဟယ်) မှ ဌာနတာဝန်ရှိ သူများက ယမန်နေ့က ကွင်းစစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။

၎င်းလုပ်ငန်းကို စာရာမေရိမိသားစုကုမ္ပဏီက တာဝန်ယူဖောက်လုပ်နေပြီး လုပ်ငန်း အရည်အသွေးပြည့်မီရေး သတ်မှတ်ချက်နဲ့ကိုက်ညီမှုရှိမရှိနှင့် အချိန်မှီလုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ကြီးကြပ်ကွင်းဆင်းခဲ့ပြီး လုပ်ပြီးစီးမှုအနေဖြင့် (၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

အဆိုပါမြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်ပြီးပါက လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ် တို့အား နေ့ချင်းခရီး သွား‌ရောက်နိုင်တော့မှာဖြစ်ပြီး ကျေးရွာ(၂၉)ရွာ၊ အိမ်‌ခြေ(၂၀၁၅)လုံး၊ လူဦးရေ (၁၀၉၉၃)ဦးရှိ ကျေးလက်နေ ပြည်သူတို့၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေးကဏ္ဍမှာလည်း များစွာအထောက်အကူပြုမည့်အပြင် လူနေမှုဘဝများ ပိုမိုတိုးတက်ကောင်းမွန်လာ မည်ဖြစ်ကြောင်း ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လဟယ်)မှ ဒုတိယ ညွှန်ကြားရေးမှူးဦးရဲမင်းထံမှ သိရသည်။

ရှားဆက်(ပြန်/ဆက်)