မုဒုံ ဒီဇင်ဘာ ၁၆
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွက် လူနာတင်ယာဉ်ကား(၄)စီးပေးအပ် လှူဒါန်းပွဲ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီခန့်က မုဒုံမြို့နယ်မြို့မ(၄)ရပ်ကွက် ကြက်ခြေနီရုံး၌ ပြုလုပ် သည်။
အဆိုပါ အခမ်းအနားသို့ မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ မြို့နယ်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ပြည်နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးချိုမင်း လင်း၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်ဗိုလ် ကျော်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များတို့ တက်ရောက်ခဲ့ပြီး ကြက်ခြေနီအသင်းတွင် လူမှုကယ်ဆယ်ရေး လုပ်ငန်း များ၌ အသုံးပြု နိုင်ရန်အတွက် မော်လမြိုင်မြို့နေ သုဓမ္မမဏိဇောတဓရ ဦးလှထွန်း+ ဇနီးဒေါ်တင်လှ (ကိုလှထွန်း ငရုတ်သီးမှုန့်လုပ်ငန်း)မိသားစုမှ မော်လမြိုင်ခရိုင်ကြက်ခြေနီ အသင်းအတွက် ကား(၁)စီး၊ သထုံခရိုင်ကြက်ခြေနီအသင်းအတွက်ကား(၁)စီး၊ မုဒုံမြို့နယ် ကြက်ခြေနီအသင်း အတွက် ကား(၁)စီး၊ရေးမြို့နယ်ကြက်ခြေနီအသင်းအတွက်ကား(၁)စီး စုစုပေါင်းပြည်နယ် ကြက်ခြေနီ အသင်းအတွက် လူနာတင်ယာဉ်ကား(၄)စီးကို လာရောက် လှူဒါန်းပြီးမုဒုံမြို့နယ် ကြက်ခြေနီ အသင်းခွဲအနေဖြင့် လိုအပ်လျက်ရှိသော လူနာတင် ကားကိုရရှိပြီးဖြစ်လို့အရင် ကထက် လူမှုရေးလုပ်ငန်းများတွင် ပိုမိုလုပ်ဆောင်နိုင်တော့ မှာဖြစ်တယ်လို့ မုဒုံမြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးအောင်ဗိုလ်ကျော်ကပြောသည်။
မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲတွင် အမှုဆောင်(၁၅)ဦး၊ ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုရေး သင်းအဖွဲ့များနှင့်တပ်ဖွဲ့ဝင်(၁၄၃)ဦးရှိပြီး လက်ရှိလူမှုရေးကိစ္စများတွင်အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)