ကျိုက်မရော ဒီဇင်ဘာ ၁၆
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်းကျေးရွာ အဆင့်စီမံကိန်းစက်ဝန်း မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျုံစိန်ကျေးရွာ စာသင်ကျောင်းနှင့် ကြခတ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတို့တွင် ပြုလုပ်သည်။
အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဦး ကိုကိုက စီမံကိန်းစက်ဝန်းမိတ်ဆက်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာသူများ၏ သိရှိလို သောမေးခွန်းများကို စီမံကိန်းရုံးမှ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့မွန်ပြည်နယ် လူထုဗဟိုပြု စီမံကိန်းရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံကိန်းရုံးမှတာဝန်ရှိ သူများနှင့်ကျေးရွာ (၄၁) ရွာ မှ ရွာသူ၊ ရွာသားများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးရုံးမှ သိရသည်။
ချိုချို (ပြန်/ဆက်)