ဆားလင်းကြီး ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ရွာရှည်ကျေးရွာအုပ်စု၊ ပလောင် ကျေးရွာ၊ တောင်သူဦးတင်အောင်၏ ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ စိုက်ပျိုး ထားရှိ သော ကွင်း အမှတ်-၇၆၃က ၊ ဦးပိုင်အမှတ်-၄ ၊ မိုးစပါးဧရာမင်းမျိုးစေ့ထုတ် စိုက်ကွက်တွင် စံကွက် ရိုက်သိမ်းခြင်း တောင်သူ ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ယင်းမာပင်ခရိုင် စိုင်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက "တောင်သူများအနေနဲ့ တစ်ဧက အထွက်နှုန်း ပြည့်မီစေရေး၊ အောင်နှံပင်များတိုးပွားစေရေး ၊တစ်နှံပါအောင်စေ့တိုးပွားရေး၊ အခြေ အနေများကို သိရှိနိုင်စေရေးနဲ့ ဧရာမင်းစပါးစိုက်ကွက်ရဲ့ တစ်ဧကအထွက်နှုန်း သိရှိစေရေးကို ရည်ရွယ်ပြီး မိုးစပါးမျိုးစေ့ ထုတ်စံကွက် ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်လာကြတဲ့ တောင်သူများအား ဌာနတာဝန်ရှိသူများက စပါးခင်း အတွက် အကျိုးပြုမည့် မိတ်ဆွေပိုးများ သေဆုံးပျက်စီးမှု မရှိစေရေးအတွက် လိုအပ်ချက် မရှိပါက ပိုးသတ်ဆေး မသုံးစွဲရေး သဘာ၀မြေဩဇာနှင့်သဘာ၀ပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် အညီ သီးနှံပုံစံပြောင်းလဲရေး၊ စိုက်ပျိုးရေချွေတာသုံးစွဲရေးနှင့် စပါးခင်း အတွင်း ဖျက်ပိုးများ ကျရောက်မှုရှိပါက ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်ရာ တောင်သူ နည်းပညာပြန့်ပွားရေး စင်တာများသို့ အချိန်နှင့် တပြေးညီ သတင်းပေးပို့ရန် ဆွေးနွေးခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။
ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆန်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင် ရာများ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အကြီးအကဲများနှင့် ပလောင်ကျေးရွာ မှတောင်သူ (၂၉) ဦး တက် ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တောင်သူဦးတင်အောင် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်ကို စံကွက်ရိတ် သိမ်းရာ တစ်ဧကလျှင် စပါးအစို တင်း (၉၀) ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
ဥမ္မာခိုင် (ဆားလင်းကြီး ပြန်/ဆက်)