ဖာပွန် ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရအဖွဲ့(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ခရိုင်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ အတွင်းရေးမှူး ဦးဝင်းကျော်ဦးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီအဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအနက် ဖာပွန်မြို့နယ်၊ ကတိုင်တိ-ဘောကြို့လယ် ကျေးရွာချင်းဆက်လမ်း(၂/၄)မိုင် အနက် (၁/၀)မိုင် ကျောက်ခင်းခြင်း နှင့် ၎င်းလမ်းပေါ်တွင် (၃)ပေ ရေပြွန်(၃)ခု တည်ဆောက်ခြင်းလုပ်ငန်း၊ ကမမောင်းမြို့၊ ဘောကြို့ထရွာအဝင်/အထွက်လမ်း(၁/၀)မိုင် အနက်(၀/၄)မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဖာပွန်မြို့၊ အမှတ်(၄)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် တန်ဖိုးနည်းအိမ်ရာ (၁) လုံး တည်ဆောက်ခြင်း လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို နန်းထည်ဝါကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ကုန်ကျစရိတ် စုစုပေါင်းတန်ဖိုး ငွေကျပ် (၂၂၉၂၉၀၀၀၀) ဖြစ်ကြောင်း ခရိုင်နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စိုင်းကျော်ဝဏ္ဏ၊စောအောင်မျိုးလွင်(ပြန်/ဆက်)