မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (WSAP) ဖြင့် ကျေးလက်နေပြည်သူများ၏ လယ်ယာမြေများ အဆင့်မြှင့်တင် ဖော်ဆောင်ပေးမည်

ပခုက္ကူ   ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ လယ်လန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာမြေ များအား အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WSAP) ဖြင့် အဆင့်မြှင့်တင် ဖော်ဆောင် ပေးမည် ဖြစ် ကြောင်း သိရသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်တွင် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WSAP)ဖြင့် ပေါက်မြို့နယ်၊ လယ်လန်း ကျေးရွာအုပ်စု၊ လယ်လန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာမြေအခြေအနေတို့ကို မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစီမံ ခန့်ခွဲရေး၊စက်မှုလယ်ယာတို့မှ တိုင်းဒေသကြီး ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများက ဒီဇင်ဘာလ ၁၅ရက် နေ့လယ် ၁နာရီက ကွင်းဆင်း ကြည့်ရှု စစ်ဆေးကြသည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ပေါက်မြို့နယ်၊ လယ်လန်းကျေးရွာရှိ ကျေးလက်နေတောင်သူများနှင့်တွေ့ဆုံကာ လယ်ယာ မြေများအား စက်မှုလယ်ယာအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် စနစ်ကျသောဧကကွက်များ ဖော်ဆောင် နိုင်ရေး တို့အတွက် စက်ယန္တရားများဖြင့် မြေညှိခြင်း၊ရေအရင်းအမြစ်ဌာနမှ ရေသွင်းရေထုတ်မြောင်းများ ပြုလုပ်ပေးခြင်း၊ ကျေးလက်ဌာနမှ သီးနှံထွက်ကုန်များအတွက် ကုန်ထုတ်လမ်းများဖောက်လုပ်ပေးခြင်း စသည့် လုပ်ငန်းများအတွက် တာဝန်ရှိ သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးကြကြောင်းသိရသည်။

၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်၊ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(WSAP)ဖြင့် အဆိုပါကျေးရွာရှိ အိမ်ခြေ (၂၆၃)၊ လူဦးရေ(၁၄၄၈)တို့၏ လယ်ယာမြေ(၅၀)ဧကတို့အား စက်မှုလယ်ယာအဖြစ် အသွင်ကူးပြောင်းရေး အဆင့်မြှင့် တင်ဆောင်ရွက် ပေးသွားရန် လျာထားလုပ်ငန်းအဖြစ် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ ခွင့်ပြုငွေကျပ် တရားဝင် သတ်မှတ်ထားခြင်း မရှိသေး ကြောင်း ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေ က၏ ပြောပြချက်အရ သိရသည်။

ဆလိုင်းကိုကီး