ကောလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign လှုပ်ရှားဆောင်ရွက်

ကောလင်း ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ နှာခေါင်းစည်းဝတ်ဆင်ရေး (MaskCampaign) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက် ၇ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ရေး လှုပ်ရှား ဆောင်ရွက်မှုကို ကိုဗစ်ရောဂါ ကာကွယ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Mask Campaign ကို လူအများသွားလာရာ ရွှေမင်းဝံလမ်းမကြီးနှင့် သီရိရတနာစျေး၊ မြို့မစျေး၊ အရှေ့စျေးများ တွင် နှာခေါင်းစည်းဝတ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်းများနှင့် Face Shields များအား အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် ညစ်ပေနေသည့် နှာခေါင်းစည်းဝတ်ဆင်သူများအား နှာခေါင်းစည်းအသစ် အခမဲ့ လဲလှယ် ဝတ်ဆင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးဌာန၏ လမ်းညွှန်မှုများနှင့်အညီ နေထိုင်ကြရန် အသိပညာပေးခြင်းများကို လှုပ်ရှား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)