မုံရွာ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတွင် ဂျုံသီးနှံ (၇၆၀၆၇)ဧက စိုက်ပျိုး ပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး ၏ ပြောကြားချက်အရ သိရသည်။
ဂျုံသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မုံရွာခရိုင်အတွင်းရှိ မုံရွာနှင့်ချောင်းဦးမြို့နယ်တို့တွင် (၇၁၃၈)ဧက အားလည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ မြောင်၊မြင်းမူနှင့် စစ်ကိုင်း မြို့နယ် တို့တွင် (၃၈၆၀၇)ဧကအား လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်၊ခင်ဦးနှင့် ဒီပဲယင်းမြို့နယ်တို့တွင် (၂၆၄၇၀)ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်၊ပုလဲ၊ဆားလင်းကြီးနှင့် ကနီမြို့နယ်တို့တွင် (၃၈၂၅)ဧက အားလည်းကောင်း၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့နယ်တွင် (၂၁)ဧကအားလည်းကောင်း၊ တမူးခရိုင် အတွင်းရှိ ခမ်းပတ်မြို့နယ်ခွဲတွင် (၁)ဧကအား လည်းကောင်း၊ ခန္တီးခရိုင်အတွင်းရှိ ဟုမ္မလင်း မြို့နယ်တွင် (၅)ဧက အားလည်းကောင်း စိုက်ပျိုးပြီး စီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဂျုံသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ ခရိုင်တွင် (၁၆၁၂၄)ဧကအားလည်းကောင်း၊ စစ်ကိုင်းခရိုင်တွင်(၅၀၃၅၂)ဧကအား လည်း ကောင်း၊ ယင်းမာပင်ခရိုင်တွင် (၁၅၅၃၃)ဧကအားလည်ကောင်း၊ ရွှေဘိုခရိုင်တွင်(၂၉၄၂၀) ဧကအား လည်းကောင်း၊ ကလေးခရိုင်တွင်(၂၇၈၃) ဧက အားလည်းကောင်း၊ တမူးခရိုင်တွင် (၂၀)ဧကအား လည်းကောင်း၊ ခန္တီးခရိုင်တွင် (၆၈)ဧကအား လည်းကောင်း၊ စုစုပေါင်း ဂျုံ(၁၁၄၃၀၀)ဧကအား စိုက်ပျိုးရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီး ဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)