စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် (Mask) များ အခမဲ့ဖြန့်ဝေ

စလင်း ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ ယာယီဈေးနှင့် ဈေးရောင်း၊ ဈေးဝယ် လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ဆင်ဖြူကျွန်းမြို့ လူငယ် ပရဟိတ အသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီအချိန်က နှာခေါင်း စည်းများကို အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

ဆင်ဖြူကျွန်းမြို့အတွင်းနှင့် ကျေးရွာများမှ ဈေးရောင်းဈေးဝယ် လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဆင်ဖြူကျွန်းမြို့ပရဟိတလူငယ်များ အသင်းနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ပါးစပ်၊ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်း၊ အသိပညာပေးနှိုးဆော်ခြင်းနှင့်မိမိကစ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ပေးစေလို ဆိုသည့် ဗီနိုင်းများကပ်ခြင်းတို့ကို လူစည်ကားရာနေရာများတွင် တပ်ဆင်ခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(ပြန်/ဆက်)