ပေါက်ခေါင်း ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်မီးသတ်ဦးစီးဌာနဦးစီးမှူးဦးအေးကျော် ဦးဆောင်သော ခရိုင်အဆင့်စစ်ဆေး ရေးအဖွဲ့နှင့်ခရိုင်မိသားစုစည်းရုံးရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီက ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးမှူး ရုံးနှင့်နယ်မြေမီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များနှင့်စိုက်ပျိုး မွေးမြူရေး ခြံများသို့ လာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးမှ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံး၊ စခန်းဝန်းနှင့်နယ် မြေမီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များ၏ ဝတ်စားဆင်ယင်မှု၊မီးသတ်ယာဉ်များ ကြံ့ခိုင်မှုနှင့် စက်ပစ္စည်းများအား စစ်ဆေးခြင်း၊ မီးသတ်ကျင့်ဝတ်ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ငန်းခွင်ဝင်ရောက်ရန် အမြဲအသင့်ဖြစ်စေရေး၊ စွမ်းဆောင်ရည်များထက်မြက်စေရန် အမြဲလေ့ကျင့် ဆောင်ရွက်ကြရန် စစ်ဆေး မှာကြားခဲ့သည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူးနှင့်မိသားစုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်အေးမြင့်တို့မှ မြို့နယ်မီးသတ် တပ်ဖွဲ့ပိုင် စိုက်ပျိုးမွေးမြူရေးခြံများသို့ သွားရောက်စစ်ဆေးရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသန်းက ဆိတ်များ မွေးမြူထားရှိမှုနှင့်ကြက်သွန်စိုက်ပျိုးထားရှိမှုတို့နှင့်ပက်သက်၍ ရှင်းလင်းပြောကြာပြီး ခရိုင်ဦးစီးမှူးနှင့် စစ်ဆေးအဖွဲ့ဝင်များကလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)