သနပ်ပင် ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်များ ပါဆယ် စနစ် ဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကို ဒီဇင်ဘာ ၁၆ရက်နေ့ နေ့လယ် (၁)နာရီက မြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့တို့မှ မြို့တွင်းသို့ လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်များ၊လမ်းဘေဈေးဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိသော ဆိုင်များအား ပထမအကြိမ်ဖြင့် ဆိုင်ကို (၂)ပတ် ပိတ်သိမ်းခြင်းဆောင်ရွက်မည် ဒုတိယအကြိမ် စစ်ဆေးသည့်အခါ စည်းကမ်းလိုက်မှု မရှိသော ဆိုင်များကို မြို့နယ် ကိုဗစ် ၁၉ကော်မတီ မှ ဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဆိုင်ပိုင်ရှင်များကို အသိပညာပေး ပြောကြားခဲ့သည်။
သနပ်ပင်မြို့ပေါ် (၆)ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ပေါင်း (၄၀)ကျော် ရှိကာ ၎င်းဆိုင်များအား မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ နှင့် ပူးပေါင်းအဖွဲ့မှ လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် တစ်ရက်ကိုနှစ်ကြိမ် လိုက်လံ စစ်ဆေး နေကြာင်းသိရှိရသည်။
လှမိုး(သနပ်ပင်)