စေတုတ္တရာမြို့ အမှတ်(၂)ရပ်ကွက်ရှိ မိုးစပါးစိုက်နည်းစနစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်

စေတုတ္တရာ    ဒီဇင်ဘာ        ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ အနေဖြင့် ဒေသနှင့်ကိုက်ညီပြီး ရာသီဥတုဒဏ်ခံနိုင်သော စပါးမျိုးများ စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၍ စေတုတ္တရာမြို့ အမှတ်(၂)ရပ်ကွက်ရှိ တောင်သူဦးထွန်းအေးကျော်၏ လယ်မြေ တစ်ဧကတွင် စိုက်ပျိုး နည်းစနစ်(၄)မျိုးဖြင့် စိုက်ပျိုးထားသော ဆင်းသုခစပါးမျိုး မိုးစပါးစိုက်နည်းစနစ် မျိုးယှဉ်ပြိုင် စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြစံ၊ ကွင်းဝန်ထမ်း များနှင့် စိုက်ခင်းတောင်သူတို့ပူးပေါင်း၍ လယ်မြေတစ်ဧကတွင် ကြဲခင်းစိုက်ပျိုးနည်း၊ အတန်းလိုက် စိုက်ပျိုးနည်း၊ ဘောင်စိုက်ပျိုးနည်းနှင့် (SRI)စိုက်ပျိုးနည်းတို့ဖြင့် စိုက်ပျိုးထားသော ဆင်းသုခ စပါးမျိုး မိုးစပါးစိုက်နည်းစနစ် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ခဲ့ရာ ကြဲခင်းစိုက်ပျိုး နည်း (၀.၂၅)ဧကတွင် စပါး အထွက်နှုန်း (၂၃.၅)တင်း၊ အတန်းလိုက်စိုက်ပျိုးနည်း (၀.၂၅)ဧကတွင် စပါး အထွက်နှုန်း (၂၄.၂၅)တင်း၊ ဘောင်စိုက်ပျိုးနည်း (၀.၂၅)ဧကတွင် စပါးအထွက်နှုန်း (၃၀.၂၅)တင်းနှင့် (SRI)စိုက်ပျိုးနည်း (၀.၂၅)ဧကတွင် (၂၉ ) တင်းနှုန်း အသီးသီးထွက်ရှိခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်  မြို့နယ်အတွင်းရှိ‌ တောင်သူများအား စပါး အထွက်နှုန်း တိုးပွားပြီး ဒေသနှင့်ကိုက်ညီပြီး ရာသီဥတုဒဏ်ခံနိုင်သော စပါးမျိုးများစိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုး နည်းစနစ်(၄)မျိုးဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်နည်းစနစ် မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်အား စိုက်ပျိုး ခဲ့ခြင်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြစံထံမှ သိရသည်။

စည်သူလွင်(ပြန်/ဆက်)