ကျောက်တံတား ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ဒီဇင်ဘာလ(၁၆)ရက်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲ မည့်ပြည်တွင်းလေကြောင်းခရီးစဉ်များတွင်လိုက်ပါစီးနင်းမည့်ခရီးသည်များအားကိုဗစ်-၁၉ ရောဂါရှိ/မရှိနှာခေါင်းတို့ဖတ်ရယူ စစ်ဆေးခြင်းကိုကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ Tourist Burma အဆောက်အဦး တွင် ဒီဇင်ဘာလ(၁၅)ရက်နေ့မှစတင်ကာနံနက်(၉)နာရီမှညနေ(၃)နာရီထိ စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့လာရောက်စစ်ဆေးမည့်သူများအနေဖြင့် လေယာဉ်လက်မှတ်၊ မှတ်ပုံတင်(သို့)သက်သေခံအထောက် အထားနှင့် ခြောက်လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့စ်ဓါတ်ပုံတစ်ပုံတို့ကို ယူဆောင်လာရမည်ဖြစ်ပြီး ခရီးစဉ်မထွက်ခွာမီ(၃၆)နာရီအတွင်း စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်းသိရသည်။
ရွှေနန်းမေ