သာယာဝတီ ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အကြို ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံရန် လျာထားချက်များ ကြိုတင်ရေးဆွဲ တင်ပြရာတွင် ခရိုင်နှင့် မြို့နယ်များ အချိတ်အဆက် မိမိ ဆောင်ရွက်နိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးစိုးရွှေအောင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် ရင်းနှီးမြှင့်နှံရန် လျာထားချက်များကြိုတင်ရေးဆွဲတင်ပြရာတွင် ခရိုင်နှင့် မြို့နယ်များ အချိတ်အဆက် မိမိ ဆောင်ရွက်နိုင်ရေးအပြင် လက်ရှိ ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရေးနှင့် ဌာနများ အနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း သတ်မှတ်ချက်များနှင့်အညီ ပြီးစီးရေးနှင့် စာရင်းစစ် ကန့်ကွက်ချက် များ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ရေးတို့ကို ရှင်းလင်း ဆွေးနွေးသွားကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)