အလုံမြို့နယ် အ-ထ-က(၇) အသွားအလာကန့်ကတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ ထမင်းဘူးများ လာရောက်လှူဒါန်း

အလုံ ဒီဇင်ဘာ  ၁၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ  အသွားအလာကန့်သတ် စောင့်ကြည့် နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယမန်နေ့က  ထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင် ဦးဇော်ဝင်းနိုင်မှ မိခင်ကြီး ဖြစ်သူဒေါ်နွဲ့ရီ၏ အသက်(၈၃)နှစ်ပြည့် မွေးနေ့ အလှူအဖြစ် နံနက်စာနေ့လယ်စာနှင့် ညစာတို့အတွက်  ထမင်းဘူး(၃၀)ဘူးစီတို့ကို လာရောက် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ  အ-ထ-က(၇) အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့ စေတနာရှင်အလှူရှင်များ အနေဖြင့် စားသောက်ဖွယ်ရာများကို လှူဒါန်းနိုင်ပြီး တစ်ဦးအတွက် တနေ့တာ စားစရိတ် ၃၅၀၀ ကျပ်ဖြင့် ငွေသားလှူဒါန်းနိုင်သလို၊ မိမိအစဉ်အစီဖြင့်လည်း ထမင်းဘူးများ၊ စားသောက်ဖွယ်များကို လှူဒါန်းနိုင် ကြောင်း သိရှိရသည်။

တင်တင်ချို(အလုံ)