လိပ်သို ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သို-ရှမ်းလယ်ပြင် မြေသားလမ်းအား ကျောက်ချော လမ်း ခင်းခြင်းလုပ်ငန်းကို ဒေသရှိ ကျေးရွာများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ရည်ရွယ်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေကျပ် ၁၆၈.၂၈၀ သန်းဖြင့် နို၀င်ဘာလမှ စတင်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောက်ချောလမ်းပိုင်း၏ အရှည်မှာ ၁ မိုင် ၄ ဖာလုံ ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ရှိပြီး ထွန်းတောက်လ၀န်း Group ကုမ္မဏီလီမိတက်မှ တာ၀န်ယူတည်ဆောက်လျက်ရှိရာ တာ၀န်ခံ အင်ဂျင်နီယာ ဒေါ်သင်းသင်းနွယ် က အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လမ်းပြီးစီးသွားပါက လိပ်သို-ရှမ်းလယ်ပြင် လမ်းပေါ်ရှိ ကျေးရွာများနှင့် အနီးပတ်၀န်းကျင် ကျေးရွာများ သွားလာမှု ပိုမို အဆင်ပြေလာ၍ ဒေသထွက်သီးနှံများ တင်ပို့ ရောင်းချမှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)