ပေါင်းတည်မြို့နယ်တွင် ဆောင်းသီးနှံ မတ်ပဲများစတင်စိုက်ပျိုးလျက်ရှိ

ပေါင်းတည်   ဒီဇင်ဘာ  ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် မိုးစပါးများရိတ်သိမ်းပြီးချိန်ဖြစ်၍ ဆောင်းသီးနှံစိုက်တောင်သူများက မတ်ပဲများကို စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆောင်းသီးနှံ မတ်ပဲစိုက်ပျိုးရာတွင် မျိုးစေ့ဖိုး၊ ထွန်ယက်ခ၊ ဆေးဖိုး/ဆေးဖြန်းစရိတ်၊ ရိတ်သိမ်း ခြွေလှေ့ခနှင့် လုပ်အားခများအပါအဝင် တစ်ဧက စုစုပေါင်း စိုက်ပျိုးစရိတ် ကုန်ကျငွေကျပ် (၃)သိန်းခန့်ရှိကြောင်းနှင့် မြေအမျိုးအစားအပေါ်မူတည်၍ တစ်ဧကပျမ်းမျှထွက်နှုန်းမှာ တင်း(၂၀)ခန့် ရှိကြောင်း လက်ပံပါးပျဉ်းကျေးရွာမှ မတ်ပဲစိုက်တောင်သူ ဦးထွန်းသိန်းက ပြောသည်။

ပေါင်းတည်မြို့နယ်တွင် စုစုပေါင်း ဆောင်းသီးနှံမတ်ပဲစိုက်ဧက (၃၇,၀၀၀)ကျော်ရှိကြောင်းနှင့် လက်ရှိအခြေအနေတွင် မတ်ပဲမျိုးစေ့ တစ်တင်းလျှင် ငွေကျပ် လေးသောင်းမှ လေးသောင်းခွဲ အထိ ကာလပေါက်ဈေးရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးဝင်းထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်