မြဝတီ ဒီဇင်ဘာ ၁၇
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် စတင်ဆောင်ရွက်လျက်ရှိသည့် ရွှေကုက္ကိုလ်-ထီးကော်ထော-မော်ဖာသူတောင်ခြေလမ်း (၂၂/ဝ)မိုင်ပေါ်တွင် (၁/၄)မိုင် ကျောက်ခင်းခြင်းနှင့် ပေ(၃၀) ကွန်ကရစ် တံတား တစ်စင်း၊ (၃)ပေ ကွန်ကရစ်ရေပြွန်တစ်ခု တည်ဆောက်ခြင်းလုပ်ငန်းအား ယမန်နေ့က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြဝတီမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇောနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ် ဆေးခဲ့သည်။
အဆိုပါလမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ကျောက်ရောမြေလမ်း (၁၉/၁)မိုင်၊ မြေလမ်း(၂/၇)မိုင်နှင့်(၅၀)ပေ ကွန်ကရစ်တံတား(၁)စင်း၊ (၃၅)ပေ ကွန်ကရစ် တံတား(၁)စင်း၊ (၂၀)ပေကွန်ကရစ်တံတား(၁၂)စင်းနှင့် ကွန်ကရစ်ရေပြွန်များ တည်ဆောက်ခဲ့ပြီး ၂၀၁၈ခုနှစ် မိုးရာသီတွင် တောင်ကျရေ တိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားသည့် ထီးကော်ထောကျေးရွာ အဝင်(၂၀)ပေ ကွန်ကရစ်တံတားနေရာတွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာ ရေးနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် (၃၅)ပေကွန်ကရစ်တံတား (၁) စင်း တည်ဆောက်ခဲ့ပါသည်။
ရွှေကုက္ကိုလ်-ထီးကော်ထော-မော်ဖာသူတောင်ခြေလမ်းပေါ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက်လမ်း(၁/၄)မိုင်ဆောင်ရွက်ခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိ မော်ဖားသူတောင်ခြေမှ လှိုင်းဘွဲ့မြို့နယ် မဲလကျေးရွာသို့ ဆက်သွယ်သော လမ်းအရှည် (၁၀/ဝ)မိုင်ပေါ်တွင် မြေလမ်း(၅/ဝ)မိုင်နှင့် ကွန်ကရစ်တံတား၊ Box Culvert များ တည်ဆောက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် မော်ဖားသူ တောင်ခြေ-မဲလလမ်း မြေလမ်း (၂/ဝ)မိုင် ဖောက်လုပ်ခြင်းနှင့်(၃၀)ပေကွန်ကရစ်တံတား (၁)စင်း၊ (၂၀)ပေကွန်ကရစ် တံတား(၁)စင်း၊ (၁၀)ပေ ကွန်ကရစ်တံတား(၁)စင်း၊ (၅)ပေ Box Culvert (၃)ခု တည်ဆောက်ခြင်း လုပ်ငန်း ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။
မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကျေးရွာမှ လှိုင်းဘွဲမြို့နယ်၊ မဲလကျေးရွာအထိလမ်းအရှည် (၃၂/ဝ)မိုင်ရှိပြီး နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေတို့ဖြင့် ကရင်ပြည်နယ် မြဝတီခရိုင်၊ မြဝတီမြို့နယ်နှင့် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်တို့ကို ဆက်သွယ်ပေးသည့် ရွှေကုက္ကိုလ်-ထီးကော်ထော-မော်ဖားသူတောင်ခြေ-မဲလလမ်း ဖောက်လုပ်ပေးခြင်းကြောင့် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ နယ်နိမိတ်ပိုင်းခြားထားသည့် သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိ နယ်စပ်ဒေသတွင် နေထိုင်သည့် ကျေးရွာ(၁၄)ရွာ၊ အိမ်ခြေ(၂၆၄၅)အိမ်၊ အိမ်ထောင်စု (၂၆၄၅)စု၊ လူဦးရေ(၁၅၈၀၀)ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ကျန်းမာရေးနှင့်လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုး တက် လာမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)