မရမ်းကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မရမ်းကုန်း ဒီဇင်ဘာ ၁၇

ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်နှင့်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သတိရှိစေရန် အစဉ်အမြဲ ကျန်းမာရေး  အသိပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ ရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အနေဖြင့် ယမန်နေ့ နံနက်  နာရီအချိန်မှ စတင်ကာ လူစည်ကားရာနေရာများဖြစ်သည့် မြရတနာစျေး၊ သမိုင်းဘူတာပျံကျစျေးတို့တွင် ပြည်သူများ ကျန်းမာရေးသတိရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်စေရေး Mask Campaign ပြုလုပ်ခြင်းအား  အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်စာရေး ဦးသန့်ဇင်မင်း၊ ရဲတပ်ဖွဲ့မှ နယ်ထိန်းတပ်ကြပ်ကြီး မျိုးအောင်နှင့် အဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်းနှင့် မြို့နယ်စည်ပင်မှ လက်ထောက်အုပ်ချုပ်ရေးမှုနှင့် အဖွဲ့များ၊ ရပ်ကွက်မိခင်နှင့်ကလေး အသင်း ဒေါ်သီတာအေးနှင့်အဖွဲ့များ၊ ရပ်ကွက်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အရံမီသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ဖြင့် စုစုပေါင်း ၃၀ ဦးတို့ဖြင့် လိုက်ပါဆောင်ရွက် ခဲ့ကြပြီး  နှာခေါင်းစည်း တပ်ဆင်ခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများအား ရှင်းလင်းအသိပေးခြင်း၊ စျေးဝယ်သူနှင့် စျေးရောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ ပါရှိသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)