ဒေါပုံ ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်တတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သော ကင်ဆာရောဂါများကို ကာကွယ်နိုင်ရန်အတွက် (HPV) ကာကွယ် ဆေးစထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ယမုံနာ(၁) ရပ်ကွက်နှင့် ဗိုလ်ထွန်းစံရပ်ကွက်တို့တွင် ထိုးနှံပေး ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးကို အသက်(၉)နှစ်မှ အသက်(၁၀)နှစ်ထိ မိန်းကလေးတိုင်းကို တစ်ကြိမ်နှင့် တစ်ကြိမ်တွင် (၁၂)လခြားပြီး (၂)ကြိမ်ထိုးနှံပေးမည့်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များအညီ ထိုးနှံပေးကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်မှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)