ပိုင်ကျုံ ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အမှတ်(၅)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးရန် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ အမှတ်(၅)ရပ်ကွက်လမ်းဆုံနှင့် လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်နှင့်ဌာနဆိုင်ရာ၀န်ထမ်းများ၊ ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ ဆရာ/မများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်လမ်းဆုံနှင့် လူစည်ကား ရာနေရာများ၌ ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်း MASKများ စနစ်တကျတပ်ဆင်ရန်၊ နှာခေါင်းစည်း MASK တပ်ဆင်လာခြင်း မရှိသူများအား MASK များ အခမဲ့ဖြန့်ဝေပေးခြင်း၊ လူစုလူဝေးကို ရှောင်ကြဉ်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)