ဒဂုံတောင် ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထွန်းရွှေဝါတိုင်းရင်းဆေးတိုက်မှ အလှူငွေ ဆယ်သိန်းကျပ် လာရောက်လှူဒါန်းမှုကို လက်ခံရယူခြင်းနှင့် အရေးပေါ်အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က မိမိတို့မြို့နယ်အတွင်းရှိ Quarantine Centre များတွင် အသုံးပြုထားလျက်ရှိသော ကုန်ကျစရိတ်များအား မြို့နယ်ကော်မတီဝင် များထံသို့ တင်ပြခဲ့ပြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က Quarantine ဝင်ရောက်နေသူ များ၏ နေအိမ်လုံခြုံရေးကိစ္စကို မြို့နယ်ရဲတပ်ဖွဲ့မှူးအား မေးမြန်းဆွေးနွေးကာ မြို့နယ်ရဲတပ်ဖွဲ့၏ Quarantine ဝင်ရောက်နေသူများ နေအိမ်လုံခြုံရေး အတွက် ဆောင်ရွက်ထားရှိမှုများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီနှင့် အမှတ်(၂)တိုင်းဒသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းနိုင်တို့မှ မြို့နယ်အတွင်း ရှေ့ဆက်လုပ်ဆောင်ကြမည့် အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ်ကော်မတီဝင်များကလည်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
အိကေသရီ(ပြန်/ဆက်)