ကရင်ပြည်နယ် ဒေသဆိုင်ရာမိုးလွန်ကာလ မုတ်သုံဖိုရမ်ကို Video Conferencing စနစ်ဖြင့် ဆွေးနွေး

ဘားအံ ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်တွင် ဒေသဆိုင်ရာမိုးလွန်ကာလမုတ်သုံဖိုရမ်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (UNFAO) တို့ ပူးပေါင်းကာ ယမန်နေ့ နံနက် (၉) နာရီကစတင်ကာ Video Conferencing စနစ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးရခြင်းရည်ရွယ်ချက်မှာ ၂၀၂၀ မုတ်သုံကာလအတွင်း မိုးလေဝသခန့်မှန်းချက်များ၏ တိကျမှုစွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်နိုင်ရေး၊ ရာသီအလိုက်ခန့်မှန်းမှုနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဲ့သို့ အစရှိသော ဌာနများ၏ အကြံဉာဏ် များကို ရယူရန်နှင့် ကြိုတင် သတိပေးစနစ် အကောင်အထည်ဖော်မှုကို သိရှိစေရန်၊ ရာသီဉတုခန့်မှန်းချက်များကို အခြေခံ၍ အားလုံးပါဝင်နိုင်သည့် ကြိုတင်ပြင်ဆင်များမှတဆင့် ဖြစ်နိုင်ခြေရှိသော ဘေးအန္တရာယ်များကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် စတဲ့ ရည်ရွယ်ချက်များနဲ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်၊ အောက်မြန်မာ ပြည်ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းတို့က ဦးဆောင်ကာ ကရင်ပြည်နယ်အတွင်းရှိ သဘာဝဘေးများအတွက် ကူညီ ဆောင်ရွက်ပေးနိုင်သော  သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များက ၂၀၂၀ ပြည့်နှစ် မုသုံကာလအတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများ၊ အတွေ့အြကုံများကို ကြိုတင်ဆောင်ရွက်ခဲ့မှုများနှင့် အခက်အခဲ့များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)