ဒဂုံတောင် ဒီဇင်ဘာ ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ အမှတ်(၇၁)ရပ်ကွက် ဗညားဒလလမ်းနှင့် လေးထောင့်ကန်ကျေးရွာ ရွာလယ်လမ်း ခင်းကျင်းနိုင်ရေး အခြေအနေများကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးကာ လမ်းများ၏ မြေပြင်အခြေအ နေများ၊ လမ်းမြေသား စတင်ခင်းကျင်းပါက စနစ်တကျ ရှိစေ ရေးများ၊ တည်ဆောက်ရာတွင်လည်း သတ်မှတ် ထားသော စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ကြ ရန်နှင့် စတင်ခင်းကျင်းနေသော လမ်းများကိုလည်း သတ်မှတ်ထား သော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြေပြင်အခြေအနေအား လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
အိကေသရီ(ပြန်/ဆက်)