ဒေါပုံမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီက ကိုဗစ်- ၁၉ ရောဂါ အသိပညာပေး ကြိုတင်ကာကွယ်ရေးကြေညာချက်များအား အသံချဲစက်ဖြင့် လိုက်လံအသိပေးနှိုးဆော်

ဒေါပုံ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သီတာနွယ်လမ်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လော်စပီကာဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ(၃) နာရီကပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သိုဆောင်ရွက်ရာတွင် သီတာနွယ်လမ်းတစ်လျှောက်ဝဲယာတွင်ရောင်းချနေသော လမ်းဘေး ပျံကျ စျေးသည်များ လမ်းသားပေါ်တက်ရောက်ရောင်းချမှုမရှိစေရေး စည်းကမ်းထိန်း ဆောင်ရွက်ခြင်းနှင့် စျေးရောင်း/စျေးဝယ်များအား နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်ရောင်းဝယ်ကြရန် လော်စပီကာများဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ     ကိုဗစ်- ၁၉ ရောဂါအသိပညာပေး ကြိုတင်ကာကွယ်ရေး ကြေညာချက်များအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီက နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။          

သဲစုစုလွင်( ပြန်/ဆက်)