လှိုင်းဘွဲ-ရှမ်းရွာသစ်ကတ္တရာလမ်းမှ တရီဖိုးခွီး-စောဖိုးခီးသွားမြေသားလမ်း(၃)မိုင်ပေါ်တွင် Box Culvert( ၁၀)ခု တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်    ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ပြည်နယ်)ရန်ပုံငွေ ခွင့်ပြုငွေကျပ် (၄၆.၃၅၀) သန်းဖြင့် လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းမှ တရီဖိုးခွီး-စောဖိုးခီးသို့ ဆက်သွယ်ထားသော မြေသားလမ်းပေါ်တွင် Box Culvert (၁၀)ခုကို ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက် သည့် Box Culvert (၁၀)ခုဆောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှ တစ်ခုသို့ ပိုမိုလွယ်ကူစွာ ကူးလူးသွားလာနိုင်ပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း ကြောင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိ တရီဖိုးခွီး ကျေးရွာ၊ ဝါးမီးကလားကျေးရွာ၊ ထီးဖိုးခီးကျေးရွာနှင့် စောဖိုးခီးကျေးရွာရှိ ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရှိသည်။

ဇင်လေး(ပြန်/ဆက်)