လှိုင်းဘွဲမြို့နယ် ပိန္နဲ​တော​ကျေးရွာတွင် တံတား​ဆောက်လုပ်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

လှိုင်းဘွဲ        ​ဒီဇင်ဘာ ၁၇

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း  (တတိယနှစ်စက်ဝန်း)တွင် ကျေးလက်​ပိန္နဲ​တောကျေးရွာအုပ်စု ​ပိန္နဲ​တောကျေးရွာ ကွန်ကရစ်တံတား(Slab Culvert) (အလျား ၁၄ပေ ၊ အနံ ၁၄ပေ ၊ အမြင့် ၈​ပေ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ (၅,၅၀၀,၀၀၀)ကျပ်ဖြင့် ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက်နည်းပညာမှူး မခိုင်ခိုင်​ဝေလွင်၊ လူထုစည်းရုံး​ရေးမှူး ​စောရဲမြ​သွေးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူး​ပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေခြင်းဖြစ်ပြီး ၁၀၀%ပြီးစီးပါက ​ပိန္နဲ​တောကျေးရွာမှ အိမ်​ထောင်စု(၅၃၂)စု လူဦး​ရေ (၉၁၉)ဦးတို့ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးလုပ်ငန်းများအတွက် သွား/လာ​ရေးလွယ်ကူ အဆင်​ပြေလာမည်ဖြစ်​ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)