လှိုင်းဘွဲ ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် အင်းနို့သိပ္ပံကျေးရွာ အုပ်စု၊ ထော်ရွဲကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခြင်း လုပ်ငန်းကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂ရက်နေ့က စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၂၀၀၀၀၀၀၀) ကျပ်ဖြင့် ဆောင်ရွက်နေသော ရွာတွင်းကွန်ကရစ်လမ်း (အရှည် ၁၇၂၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူးနန်းဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူးနန်းစန်းစန်းမြင့်တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းနှင့် မြို့နယ်နည်းပညာအကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီပြီဖြစ်သောကြောင့် ထော်ရွဲကျေးရွာ မှ အိမ်ထောင်စု (၃၈၆)စု၊ လူဦးရေ (၂၃၁၀)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများ အတွက် အဆင်ပြေကောင်းမွန်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)