ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပိန္နဲ​တော​ကျေးရွာတွင် တံတား​ဆောက်လုပ်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

လှိုင်းဘွဲ ဒီဇင်ဘာ ၁၇

​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက်နေသော ကရင် ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ကျေးလက်​ပိန္နဲ​တောကျေးရွာအုပ်စု ​ပိန္နဲ​တောကျေးရွာ ကွန်ကရစ်တံတား (Slab Culvert) (အလျား ၁၄ပေ x အနံ ၁၄ပေ x အမြင့် ၈​ပေ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း​ ထောက်ပံ့​ငွေ ၅,၅၀၀,၀၀၀ ကျပ်ဖြင့် ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက်နည်းပညာမှူး မခိုင်ခိုင်​ဝေလွင်၊ လူထုစည်းရုံး​ရေးမှူး ​စောရဲမြ​သွေး တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထုတို့၏ ပူး​ပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​နေခြင်းဖြစ်ပြီး ရာနှုန်းပြည့် ပြီးစီးပါက ​ပိန္နဲ​တောကျေးရွာမှ အိမ်​ထောင်စု(၅၃၂)စု လူဦး​ရေ (၉၁၉)ဦးတို့ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးလုပ်ငန်းများအတွက် သွား/လာ​ရေးလွယ်ကူ အဆင်​ပြေလာမည်ဖြစ်​ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)