ကမာရွတ် ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ဆေးရုံကြီး ကိုဗစ်ကုသရေးစင်တာတွင် လုပ်အားပေးကြမည့် ပဲခူး တိုင်းဒေသကြီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင် (၃၅) ဦးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ကမာရွတ်မြို့နယ်ရှိ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာဖြစ်သည့် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ၌ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ တင်ထွန်းအောင်က ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး စနစ်တကျ လုပ်ဆောင်ရမည့် အချက်များကို ရှင်းလင်း ပြောကြားခြင်း၊ အသွားအလာကန့်သတ် စောင့်ကြည့်ရာနေရာမှ တာဝန်ရှိသူများက PPE စနစ်တကျ ဝတ်ဆင်နည်းနှင့် စွန့်ပစ်နည်းကို လက် တွေ့သရုပ်ပြခဲ့ကြပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း PPE စနစ်တကျဝတ်ဆင်နည်း နှင့် စွန့်ပစ်နည်းကို လက်တွေ့လိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးသင်တန်းသို့ အသင်းဒုတိယအထွေထွေအတွင်း ရေးမှူးနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ အဖွဲ့ အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်လင်းလင်းသက်နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် ညနေပိုင်းတွင် ပဲခူတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် ဆေးသုတေသနဦးစီး ဌာန(ရန်ကုန်)တွင် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ Swap Test ရယူစစ်ဆေး မှုများ ခံယူခဲ့ကြကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)