ရွှေပြည်သာမြို့နယ်၊ လူသွားလူလာများတတ်သော နေရာများ၌ ဈေးကားများဖြင့် သား၊ ငါး၊ ဟင်းသီးဟင်း ရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကုန် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း ပြည်သူများ စားရေးသောက်ရေးအဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေ ရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၇)နာရီ အချိန်မှ စတင်ကာ (၈၁)ဂိတ်ဟောင်း လမ်းဆုံနှင့် ခေါင်သုံးလုံး လမ်းဆုံတို့တွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ရောင်းချရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်းဆောင်ရွက်သော ရွှေပြည်သာ မြို့နယ်အတွင်းရှိ လူသွားလူလာများတတ်သော နေရာများသို့ ဈေးကားများဖြင့် သွားရောက်၍ ရောင်းချပေး ရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန်ငါးအမျိုးမျိုး၊ ကြက်ဉ၊ ဟင်းသီးဟင်းရွက် များနှင့် စားသောက်ကုန်ပစ္စည်းများ စသည်တို့ကို လူတန်းစားမရွေး ဝယ်ယူနိုင်သည့် အလေးချိန်များနှင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရွှေပြည်သာမြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ် ရေးမှူး ဦးညွန့်ဝင်းနှင့် ဝန်ထမ်းများက ဦးဆောင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ (၈)ကြိမ်မြောက်အဖြစ် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို၊ အေးအေးမိုး(ပြန်/ဆက်)