သဲကုန်း ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ရွာထောင်ကုန်းကျေးရွာနှင့်အုတ်ဆွဲကျေးရွာများသို့သွားရောက်၍ အများ ပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့်နံရံကပ်စာစောင်များ လှည့်လည်ပြသခြင်းကို ယမန်နေ့ နေ့လယ်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများက အများပြည်သူအလွယ်တကူ သိရှိရမည့် ကိုဗစ် - ၁၉ ရောဂါ လက္ခဏာများ၊ ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့် တပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို Hand Speaker ဖြင့် လိုက်လံ အသိပေး နှိုးဆော်ခဲ့ပြီး ကိုဗစ်-၁၉ အသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံများအား သုံးဘီးယာဉ်တွင် ချိတ်ဆွဲ၍ လှည့်လည်အသိပညာပေးပြသခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)