သံတောင်ကြီး ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်အနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ် သည့်အတွက် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးများ သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က သံတောင်မြို့ ပြည်သူ့စာကြည့်တိုက်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနော်လော်မူက မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက် ပြောကြားပြီး မီးသတ်ဦးစီးဌာန သံတောင်နယ်မြေမီးသတ်စခန်းတာဝန်ခံ ဒု-မီးသတ်ဦးစီးမှူး ဦးစိုးသူက မီးဘေးလုံခြုံရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ မီးသတ်ဆေးဗူးအသုံးပြုပုံ၊ လျှပ်စစ်မီးမှတဆင့် မီးလောင်မှုများဖြစ်ပေါ် လာပါကဆောင်ရွက်ရမည့် နည်းလမ်းများ စသည်တို့ အား ဆွေးနွေးခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကို Iprd Thandaung Gyi Page တွင် ထုတ်လွှင့်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)