ခရမ်း ဒီဇင်ဘာ ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ခရမ်းမြို့အတွင်းမီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၈) နာရီကကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။
ခရမ်းမြို့အတွင်း မီးဘေး အန္တရာယ်ကင်းဝေးစေရေးအတွက် ရပ်ကွက်များအတွင်း လောင်စာဆီ များ၊ သိုလှောင်ရောင်းချမှုမရှိစေရေး အိမ်ရှင်များအား အသိပညာပေးဆွေးနွေး၍ နေအိမ်များ တွင် အသုံးပြုနေသည့် လျှပ်စစ်မီးများသွယ်တန်း ထားရှိသုံးစွဲမှုနှင့် မီးသတ်ဆေးဗူးများ အရန်သင့်ဆောင်ထားခြင်းနှင့် မီးသုံးစွဲသည့်အိမ်ခန်းများအား စနစ်တကျအသုံးပြုရေး၊ မီးသတိပြုရေး လမ်းညွှန်မှာကြားပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်စိုးမိုး၊ စခန်းမှူး ဦးမင်းကိုအောင်နှင့် တပ်ဖွဲ့ဝင်များက ခရမ်းမြို့အတွင်းရှိ ရပ်ကွက်များရှိ နေအိမ်များ၊ အငှားအိမ်ခန်းများ၊ ရပ်ကွက်များရှိ ဈေးဆိုင်ငယ်လေးများအားကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)