သံတောင်ကြီး ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့ပွားမှုမရှိစေရန်အတွက် Local Resource Centre (LRC) ၏ ပံ့ပို့ကူညီမှုဖြင့် သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာဒေါ်နော်မာမာချိုနှင့် အဖွဲ့က ယနေ့နံနက်ပိုင်း၌ သံတောင်ကြီးမြို့ပေါ်ရပ်ကွက် (၃) နှင့် ကွက်သစ်ကုန်းများတွင် လက်သန့် ဆေးရည်နှင့် နှာခေါင်းစည်းများကို အိမ်တိုင်ရာအရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် လက်များစနစ်တကျ ဆေးကြောသန့်စင်ပြီး Mask များစနစ်တကျ တပ်ဆင်နိုင်ရန်အတွက် သံတောင်ကြီး အမျိုးသမီးများအဖွဲ့က လက်တွေ့ သရုပ်ပြခြင်း၊ လက်သန့်ဆေးရည် (၅၀၀) မီလီမီတာ (၂၄၉) ဗူး၊ Mask (၅၀၀) ခုတို့အား အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)