လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး Box Culvert များ တည် ဆောက်

လှိုင်သာယာ(အနောက်ပိုင်း)  ဒီဇင်ဘာလ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ရေစီးရေလာ ကောင်းမွန်ရေးနှင့်  ရေကြီးရေလျှံမှုများ မဖြစ်စေရေးအတွက်  ၂၀၂၀−၂၀၂၁တိုင်း ဒေသကြီး ဘတ်ဂျက်ဖြင့် Box Culvert များတည်ဆောက်လျက်ရှိရာ  ယမန်နေ့   မွန်းလွဲပိုင်းက လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်(၂) ဦးဇော်အောင်နှင့် ရေစီးရေလာမှ တာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှု ရှိစေရေး ကွင်းဆင်းကြည့်ရှုသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ရာတွင်  လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်  အမှတ်(၁၁) ရပ်ကွက်၊အမှတ်(၁၂) ရပ်ကွက်၊ အမှတ်(၁၈)ရပ်ကွက်များတွင် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးနှင့် အများပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက်  လိုအပ်သည် များကို မှာကြားခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရေစီးရေလာကောင်းမွန် Box Culvert အလုံး(၃၉)လုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးမြတ်မင်းသူထံမှသိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)