မှော်ဘီ ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတစ်နေ့ထက် တစ်နေ့ များပြား လာလျက်ရှိရာ အဆိုပါ ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မှော်ဘီမြို့နယ် မြောင်းတကာစျေးတွင် စျေးရောင်းသူ/ဝယ်သူများအား စျေးများသည် နေရာပေါင်းစုံမှ လူများလာ ရောက်ရာ နေရာဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ရန် အခွင့်အလမ်းအများဆုံး နေရာဖြစ်၍ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) များကို မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန် လက်ကိုင်အသံ ချဲ့စက်ဖြင့် အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)