စုကလိ ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ မိပါးကျေးရွာအုပ်စု၊ တောင်နီကျေးရွာတွင် စိုက်ပျိုး ထားသည့် ဆောင်းသီးနှံ မြေပဲစိုက်ခင်း ၆ ဧက ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။ ယင်းဆောင်းသီးနှံမြေပဲစိုက်ခင်းအား စိုက်ပျိုးရေးဦးစီးဌာန၏ ကွင်းဆင်းလမ်းညွှန်ချက် များနှင့်အညီ မျိုးစေ့ချကိရိယာအသုံးပြု၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးချိန် ၇၅ ရက်ခန့်ကြာမြင့်ကြောင်း သိရသည်။
အဆိုပါ မြေပဲစိုက်ခင်းများမှ အထွက်နှုန်းတင်း ၅၀ ကျော် ထွက်ရှိရန်မျှော်မှန်းထားကြောင်းနှင့် ရရှိလာသော မြေပဲများအား ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချမည်ဖြစ်ရာ လက်ရှိကာလအတွင်း မြေပဲအခွံပါ ၁ ကီလိုလျှင် ဒေသပေါက်ဈေး ထိုင်းငွေဘတ် ၃၀ ရှိကြောင်း စုကလိမြို့စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)