လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ လမ်းကွန်ကရစ်ခင်း ဆောင်ရွက်ရန်အတွက် လမ်းနယ်နိမိတ်စိုက်ထူခြင်းနှင့် မြေသာပြုပြင်ခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ လမ်းကွန်ကရစ်ခင်း ဆောင်ရွက်ရန် အတွက် လမ်းနယ်နိမိတ်စိုက်ထူခြင်းနှင့် မြေသားပြုပြင်ခြင်း ဆောင်ရွက်နေမှု အခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊   မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်(၂) ဦးဇော်အောင် နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၈)ရပ်ကွက်ရှိ လက်ဝဲသုနန္ဒလမ်းအား မိုးတွင်းကာလ အများပြည်သူများ သွားလာရေးအဆင်ပြေစေရန် ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် မြေသားလမ်းအား ကွန်ကရစ် ခင်းဆောင်ရွက်ရန်အတွက် လမ်းနယ်နိမိတ်စိုက်ထူခြင်းနှင့် မြေသားပြုပြင်ခြင်း လုပ်ငန်များဆောင်ရွက်နေမှုအား စနစ် တကျရှိစေရေးနှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေးကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

မြသန္တာဝင်း(ပြန်/ဆက်)