ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းနှင့်  Mask and Face Shield Campaign ပြုလုပ်

ကြည့်မြင်တိုင်   ဒီဇင်ဘာ     ၁၇

ရန်ကုန်အ​နောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းများ အရှိန်အဟုန်မြင့်​ဆောင်ရွက်လျက်ရှိရာ ယမန်​နေ့နံနက်ပိုင်းက လှိုင်မြစ်အ​နောက်ဘက်ခြမ်းရှိ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်တွင်​ (COVID-19)ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုပြင်​ ပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှု (Mask& Face Shield Campaign)ကို ပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ​ဆောင်ရွက်မှုတွင် မြို့နယ်ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦး​ဇော်ဝင်း၊ အမှတ်()တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ် ဦး​ကျော်နန္ဒ​အောင်၊  မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​ကျော်ရင်၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ ရပ်ကွက်အတွင်းရှိ ပရဟိတလူမှူရေးအသင်း အဖွဲ့များမှ ပူး​ပေါင်း၍ ရပ်ကွက်အတွင်းရှိ​စျေးများနှင့် လမ်းများတွင်   mask and face shield များ၊ ပညာပေး လက်ကမ်းစာ​စောင်များ ဖြန့်ဝေခြင်း၊ လိုက်နာရမည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်များ နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုကဲ့သို့ (COVID-19)ကာကွယ်ရေးအသိပညာပေးလုပ်ငန်းစဉ်များအား ထပ်မံ၍တိုးမြင့်ကာ မြို့နယ် အတွင်း အများ သူငါသွားလာရာနေရာများ၊ ဈေးများ၊ ရပ်ကွက်လမ်းဆုံနေရာများ၊ အနောက်ဘက်ခြမ်းရှိ ဈေးနှင့်ရပ်ကွက်များတွင် ရက်အပိုင်းအခြားအလိုက် ထပ်မံ၍​ဆောင်ရွက်သွားမည် ဖြစ်​ကြောင်းသိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)