စေတုတ္တရာ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ် ပွားစေရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ယနေ့ နံနက်(၇) နာရီ အချိန်က မြို့နယ်စည်ပင်သာယာဈေးရှိ ဈေးရောင်း / ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်အားကစားမှူး ဦးမြတ်စိုးလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်နှင့် ဝန်ထမ်းများပူးပေါင်း၍ မြို့နယ် စည်ပင်သာယာဈေးရှိ ဈေးရောင်း/ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask)များ တပ်ဆပ်ပြီးမှသာ ဈေးရောင်း/ဈေးဝယ်ပြုလုပ်ကြရန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားသော နေရာ များ၌သာ ဈေးရောင်း/ဈေးဝယ်ပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နှာခေါင်းစည်း(Mask) အခုရေ(၅၀၀)အား အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမဖြစ်ပွားစေရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign များ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများ နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ထားမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် တပ်ဆင်သူ/မတပ်ဆင်သူဦးရေ စာရင်းကောက်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)