ဒဂုံမြောက် ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ ဖွံ့ဖြိုးရေးနှင့် မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် အတွက် လမ်းများ ကွန်ကရိ ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အမှတ်(၂၉)ရပ်ကွက်၊ အောင်တံခွန်လမ်း လမ်းကွန်ကရိခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင် သာယာရေး ကော်မတီ လမ်းနှင့် တံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့ မြို့နယ် အင်ဂျင်နီယာဦးအောင်ဇော်ဦးနှင့် အဖွဲ့မှ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အောင်တံခွန်လမ်း ကွန်ကရိခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လမ်းအရှည် ၁၁၃၁ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မရှိပြီး မြို့နယ်စည်ပင် သာယာရေးကော်မတီ လမ်းနှင့် တံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)