နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ( ၆ ) ဦး ဆေးရုံဆင်းခွင့်ရရှိ

နတ်မောက် ဒီဇင်ဘာ   ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများဖြစ်သည့် ဘုန်းတော်ပြည့်ကျေးရွာမှ (၁)ဦး၊ အိုင်ဇောက်ကျေးရွာမှ (၃)ဦး၊ န-ဂွေးချိုကျေးရွာမှ (၁)ဦး၊ ဝါပန်းကျေးရွာမှ (၁)ဦး ၊ စုစုပေါင်း (၆) ဦးတို့အား ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၇၀) ဦးရှိပြီး မူလကဆေးရုံ ဆင်းခွင့်ရရှိသူ (၁၃၃) ဦး ၊ ယနေ့ဆေးရုံဆင်းခွင့်ရရှိသူ (၆) ဦးတို့သည် ကိုဗစ်-၁၉ ရောဂါလက္ခဏာ ပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်လာ၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့ သည်။

အဆိုပါ (၆) ဦးအနေဖြင့် ကျေးရွာများသို့ ပြန်လည်ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ Home Quarantine (၇) ရက် နေထိုင် ရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက မှာကြားခဲ့ကြောင်း သိရသည်။ ကျန်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၁) ဦးတို့ကို နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ် ထိန်းချုပ်ရေး စင်တာ (၂) တွင်ထားရှိပြီး အဆိုပါ ပိုးတွေ့လူနာများမှာ ကျန်းမာရေး ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

 လှဝင်း (နတ်မောက် )