မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမှန်တကယ်စားသောက်ရေးခက်ခဲနေသော အိမ်ထောင်စုများ ကို We Love Yangon ( Mingalar Taung Nyunt)  ပရဟိတအဖွဲ့မှ စာရင်းကောက်ယူ၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့နိုင်ရေးဆောင်ရွက်

ရန်ကုန်       ဒီဇင်ဘာ      ၁၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမှန်တကယ်စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများစာရင်းအား We Love Yangon ( Mingalar Taung Nyunt) ပရဟိတအဖွဲ့မှ စာရင်းများလိုက်လံ ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက် ( ၃ ) ခုတွင် ဆောင်ရွက်ခဲ့ကြသည်။

We Love Yangon (Mingalar Taung Nyunt)  ပရဟိတအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဥ်ကာလ အတွင်း အနယ်နယ်အရပ်ရပ်မှ လှူဒါန်းထားသည့် အခြေခံစား သောက်ကုန်များအား မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ ရပ်ကွက် (၂၀) မှ အမှန်တကယ် စားသောက်ရေး ခက်ခဲနေသော အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာ ရောက်လှူဒါန်းပေးလျက်ရှိရာ သိမ်ဖြူရထားရပ်ကွက်၊ စက်ဆန်းရပ်ကွက်နှင့် ကျီတော်ရပ်ကွက် များရှိ စားသောက် ရေးခက်ခဲနေသော အိမ်ထောင်စုများအား စားသောက်ကုန်များ ပြန်လည်လှူဒါန်း ပေးနိုင်ရန်အတွက်စာရင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ စာရင်းများ ကောက်ယူထားသည့် ရပ်ကွက် (၃) ခုမှ စားသောက်ရေး ခက်ခဲသော အိမ်ထောင်စု များအား ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် အိမ်တိုင်ရာရောက် အခြေခံစားသောက်ကုန်များ လိုက်လံ ထောက်ပံ့ ပေးသွား မည်ဖြစ်ကြောင်း We Love Yangon ( Mingalar Taung Nyunt)  ပရဟိတအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ချစ်စုဝေ ( ပြန်/ဆက် )